Friday, September 28, 2012

အားလုံးပဲ မင်္ဂလာရှိ့သော နေ့လေးဖြစ်ပါစေဗျာ

အားလုံးပဲ မင်္ဂလာရှိ့သော နေ့လေးဖြစ်ပါစေဗျာ။

ဒီနေ့မှာ ကျွန်တော့်အသက် ၄၂ နှစ်ပြည့်ခဲ့ပါပီ။
ဒီအချိန်ထိ ကျွန်တော်ရဲ့ ဘ၀တစ်လျှောက် ကျေးဇူးတင်ရမယ့် သူတွေအများကြီး ရှိ့ခဲ့ပါတယ်။သူတို့တွေကို မှတ်မိသလောက် ထုတ်ဖော် ဂါရ၀ ပြုချင်ပါတယ်။
ပထမဦးစွာ ကျွန်တော့်ကို မွေးဖွားပေးခဲ့တဲ့ အဖေ နဲ့ အမေ ကို ကျေးဇူးတင်ပါတယ်။
ဂစ်တာနဲ့ပါတ်သက်ရင်တော့ တန်းစီရေးရမယ်ဗျာ............
ပထမဆုံး ဂစ်တာကို နည်းစနစ်ကျကျအခြေခံပိုင်အောင်သင်ပေးခဲ့တာကတော့
ပဲခူးမြို့ Royal တီးဝိုင်းမှ အများက ၀န်ကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ ဆရာ ကိုခင်မောင်မြင့်ပါ။
နောက် ဒုတိယအနေနဲ့ ပဲခူးမြို့ နုငယ် ဂစ်တာသင်တန်းမှ ဆရာလေးကိုဇင်ဝင်း နဲ့ ဆရာဦးဝင်းမောင်
ပထမဆုံး စင်မြင့်ပေါ်ကို ဆွဲတင်ပေးခဲ့တဲ့ လိဒ်ဂစ်တာ ကိုလှတင်
ဒုတိယ မြောက် လိဒ်ဂစ်တာသမားအဖြစ် စင်ပေါ်တင် မြေတောင်မြှောက်ပေးခဲ့တဲ့ ပဲခူးမြို့ Winner တေးဂီတ၀ိုင်းပိုင်ရှင် ဦးသိန်းအောင်။
နောက် ဖေးမလက်တွဲ ခေါ်ယူပီး ဆရာတစ်ပိုင်းညီအစ်ကို တစ်ပိုင်း
တွဲတီးပေးခဲ့ကြတဲ့ ကိုဝင်းဦး -ကိုဒါန (ဒရမ်)
1990 မှာ ရန်ကုန်တက်သင်တော့ သင်တန်းကြေး တစ်ပြားမှမယူပဲ
လဘက်ရည်ပါတိုက်ပီး အလကား သင်ပေးတဲ့ပထမဆုံးဆရာ ကိုဝေလင်း
( Dollar Band )
သင်တန်းကြေး ၂လခ ယူအပီးမှာ ကျွန်တော်အဆင်မပြေမှန်းသိလို့
ထမင်းကျွေး-လဘက်ရည်တိုက်-အလကားသင်ပေးခဲ့တဲ့
ဆရာ ညီညီထွေး ( Metal Guitarist )
သီအိုရီ သင်ကြားပေးတဲ့ ဆရာကိုစိုင်း ( မြေနီကုန်း )
ဂစ်တာကို စွန့်လွှတ်ပီး ကားသမားအဖြစ်ရပ်တည်နေတဲ့အချိန်မှာ
ရန်ကုန်ကိုမရမကခေါ်လာပီး ရန်ကုန်ဂီတလောကရီကော်ဒင်းလောကကို Lead Guitarist တစ်ယောက်အဖြစ်ပို့ဆောင်ပေးခဲ့တဲ့
ချစ်ညီဝမ်းကွဲလေး အဆိုတော် ငယ်စူး ( OKRA Band )
ရန်ကုန်ဂီတလောကမှာ မျက်နှာ ငယိမှာစိုးလို့ သူ့ညီပါပြောပီး
ကူညီစောက်ရှောက်ခဲ့တဲ့ အစ်ကိုဆရာ December Studio ပိုင်ရှင်
ကီးဘုတ် ကိုကျော်စိုးနိုင် ( ACES & Aurora Band)
OKRA Band မန်နေဂျာအဖြစ် အစွမ်းကုန်ကူညီခဲ့သော ဟဲဗီး။
အစစအရာရာ အားပေးကူညီခဲ့တဲ့ ဒရမ်ကိုဖိုးသက်
ဂစ်တာသမားဘ၀နဲ့ ငယ်စူးရဲ့ ထောက်ပံမှု့နဲ့သာ အသက်ရှင်နေရတဲ့ကျွန်တော်ကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပီး ဆိုင်လောကမှာ ရပ်တည်နိုင်အောင်ကူညီနေရာပေးခဲ့တဲ့
Bass ကိုမောင်မောင်ကြီး ၊ ဂစ်တာ ကိုဆလိုင်း။
ကီးဘုတ်မတီးတတ်တဲ့ ကျွန်တော့်ကို အတင်းကီးဘုတ်တီးခိုင်းပီး
မပူမပင် ထမင်း၀၀စားရအောင် ကီးဘုတ်သမားအဖြစ် ပြောင်းလဲပေးလိုက်တဲ့
Heart To Heart စားသောက်ဆိုင်ပိုင်ရှင် မမိုးသီတာ။
မြန်မာသံကိုစတင်သင်ကြားပေးခဲ့တဲ့ ဆရာဦးပန်တျာ ထွန်းအေး ။
သူကတော့ သက်သက်လွတ်စားပီး ကျွန်တော့်ကို ကြက်သားဟင်းနဲ့ ထမင်းကျွေး-စီးကရက်၊လဘက်ရည်ပါ ၀ယ်တိုက်ပီး အလကားသင်ပေးတဲ့
ဆရာ စန္ဒယား ကိုထွန်းထွန်း ( သာကေတ )( အိပ်မက်ဆုံရာ မြန်မာသံ)
စိတ်ဆတ်လွန်းလို့ အလုပ်ခဏခဏပြုတ်တဲ့ကျွန်တော့်ကို အလုပ်ရှာပေး
လိုအပ်တာတွေပံပိုးပေး ကီးဘုတ် pattern ရိုက်တာတွေက်ု သင်ပေးခဲ့တဲ့
ကီးဘုတ်ကိုကွန်းဇော် (ပုဇွန် တောင် )
pattern အားမကိုးတဲ့ ကျွန်တော်ကို pattern တွေနဲ့ မတီးတီးအောင်
တိုက်တွန်းကူညီခဲ့တဲ့ ကိုမျိုး ( မင်းလွင် ယဉ်ကျေးမှု့တက္ကသိုလ် )-မင်းမင်းသန့် ယဉ်ကျေးမှု့တက္ကသိုလ် ။
YAMAHA PSR 2100 အသစ်တစ်လုံးဝယ်ပေးပီး ငွေကြေးကအစ
အမြဲကူညီကာ step pattern အတင်းသင်းပေးခိုင်းလို့ kb pattern မကျွမ်းကျင်တဲ့ကျွန်တော့် သူ့ကိုသင်ပေးရင် ကိုယ်ပါ step patternကျွမ်းကျင်သွားရတဲ့ ညီတပည်လေး မောင်ကြည်စိုး။
ဆိုးရွားလှတဲ့ ကျွန်တော့်ရဲ့ ကီးဘုတ်လက်သံကို သီးခံသီဆိုပေးခဲ့ကြတဲ့
မင်းသားမင်သမီးလူရွှင်တော်များ၊အဆိုတော်များ၊
ကျန်ရှိ့နိုင်သော သင်ဆရာမြင်ဆရာကြားဆရာများ နဲ့တကွ
ကျေးဇူးတင်ထိုက်သူ အားလုံးအားလုံးကို
ကျွန်တော် ဒီနေရာမှ ကျေးဇူးတင် ဂါရ၀ပြုလိုက်ပါတယ်..........

သွေးထွက်ပါစေ ချမ်းချမ်း


နေပါစေ ချမ်းချမ်း


အရင်လိုချစ်ဆဲမင်းကို ချမ်းချမ်း


အဖြည့်ခံ ချမ်းချမ်း


အချိန်မီပြန်လာပါ ချမ်းချမ်း


အချစ်ဦး ချမ်းချမ်း


အချစ်ဒဏ် ချမ်းချမ်း


Thursday, September 27, 2012

သီချင်းလက်ဆောင် ချမ်းချမ်း


သိပ်ချစ်တယ်အရမ်းမုန်းတယ် ချမ်းချမ်း


ယုံကြည်သောအချစ် ချမ်းချမ်း


မနေ့ကအချစ် ချမ်းချမ်း


မင်းရဲ့အရိပ်ကလေး ချမ်းချမ်း


မင်းမှမချစ်ပဲ ချမ်းချမ်း


ဘ၀ခြင်းခြားတောင်ချစ်မှာ ချမ်းချမ်း


ဒီတစ်ခါနောက်ဆုံးပဲ ( ချမ်းချမ်း )


ထူးဆန်းတဲ့အချစ် ချမ်းချမ်း


တစ်ခါတည်းချစ်ချင်လို့ပါ ချမ်းချမ်း


တကယ်နင်မချစ်ပဲနဲ့ (ချမ်းချမ်း )


တကယ်ဆိုရင်အချစ်ပဲလိုတယ် ချမ်းချမ်း


ညှို့နိုင်လွန်းတဲ့ကျွန်မချစ်သူ ချမ်းချမ်း


ဇာတ်သိမ်းသွားပြီ ချမ်းချမ်း


အားလုံးသောအချစ်တွေနားလည်နေ ချမ်းချမ်း


အကြင်နာပေါင်း ၈၄၀၀၀ ချမ်းချမ်း


Tuesday, September 25, 2012

တုနှိုင်းမဲ့ရတနာ ထူးအိမ်သင်



အဆိပ်ရိုင်း ဖြူဖြူကျော်သိန်း


မေ့တော့မမေ့သေးဘူး ချမ်းချမ်း


ပုံပြင်ထဲကကလေးလေး ချမ်းချမ်း


လမင်းချစ်သူ